၃၀ နိုဝင်ဘာ
ရောဂါပြန့်ပွားမှုနှုန်းတွေ တက်နေတဲ့နေရာတွေမှာတော့ Stay at Home ကြေညာရပါလိမ့်မယ်။ ဒါက ထိန်းဖို့ ပိုပြီးတော့ ပြန့်ပွားမှုမရှိအောင် ထိန်းဖို့ပေါ့။ လျော့ကျသွားတဲ့နေရာတွေကို ကြည့်ပြီးတော့ ဖြေလျှော့ပေးပါမယ်။ ကိုဗစ်နဲ့ပတ်သက်လို့ အချိန်ကလည်း နည်းနည်းကြာလာပြီ၊ တော်တော်အတွေ့အကြုံ များလာပြီဆိုတော့ ဘယ်ကဏ္ဍတွေမှာ လျှော့ပေးလို့ရမလဲ၊ ဘယ်ကဏ္ဍတွေမှာ ဆက်ပြီး ခပ်တင်းတင်းကျပ်ကျပ် စည်းမျဉ်းစည်းကမ်းတွေ ကန့်သတ်ထားရမလဲ၊ ဘယ်ကဏ္ဍတွေမှာ နည်းနည်းပိုပြီးတော့ စည်းမျဉ်းစည်းကမ်း တင်းတင်းကျပ်ကျပ်လုပ်ဖို့ လိုတယ်ဆိုတာကို မြင်လာပါတယ်။ ဒါကြောင့် အခြေအနေကောင်းလာတာနဲ့အမျှ ဖြေလျှော့ပေးမှာ ဖြစ်ပါတယ်။ နောက်အခြေအနေ နည်းနည်းပိုပြီးတော့ သတိထားရမယ့်နေရာတွေမှာဆိုရင် ပိုပြီးတော့ တင်းကျပ်ရပါလိမ့်မယ်။ လိုတိုးပိုလျှော့ပေါ့။ ဒါကလည်း တစ်ချိန်လုံး ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနနဲ့ ကျန်တဲ့သက်ဆိုင်ရာဌာနတွေက လေ့လာပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဉက္ကဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀-၁၁-၂၀၂၀ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)


