ကျုံပျော် ၃၀ နိုဝင်ဘာ
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ချို့တဲ့အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စတုတ္ထအကြိမ်မြောက် စုပေါင်းလှူဒါန်းခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ တေဇရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ နိုဝင်ဘာ ၂၉ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခု ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလ ကြာလာမြင့်လာသည့်အတွက် ချို့တဲ့အိမ်ထောင်စုများ စားဝတ်နေရေး အခက်အခဲ ဖြစ်လာသောကြောင့် ရပ်ကွက်အတွင်းရှိ အလှူရှင်များ စုပေါင်းကာ ယခုကဲ့သို့ လှူဒါန်းရခြင်းဖြစ်ကြောင်း၊ လှူဒါန်းသည့် ပစ္စည်းများမှာ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်နီ စသည်ပစ္စည်းများဖြစ်ပြီး၊ အိမ်ထောင်စု (၆၀)ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ယခု လှူဒါန်းမှုသည် စတုတ္ထအကြိမ်ဖြစ်ပြီး၊ ပထမအကြိမ်တွင် အိမ်ထောင်စု (၃၀)၊ ဒုတိယအကြိမ်တွင် အိမ်ထောင်စု (၉၀)၊ တတိယအကြိမ်တွင် အိမ်ထောင်စု (၁၅၀) နှင့် ယခုစတုတ္ထအကြိမ်တွင် အိမ်ထောင်စု (၆၀) တို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)


