မြောက်ဦး ၃၀ နိုဝင်ဘာ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် တန်ဆောင်တိုင်လပြည့်နေ့ အခါသမယအတွင်း၌ မြို့ပေါ်နေ ပြည်သူများမှ ဆီမီးထွန်းပူဇော်ခြင်းနှင့် သင်ပုန်းဆွမ်းကပ်လှူပူဇော်ပွဲအား ယမန်နေ့က မြို့နယ်အတွင်းရှိ အထင်ကရ ရှေးဟောင်းဘုရားများသို့ သွားရောက်၍ ဆီမီးထွန်းပူဇော်ခြင်းနှင့် သင်ပုန်းဆွမ်းကပ်လှူခြင်းစသော ကောင်းမှုကုသိုလ်များအား သွားရောက်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ တန်ဆောင်တိုင်လပြည်နေ့အခါသမတွင် ဗုဒ္ဓဘုရားရှင်ကို ရည်မှန်းပူဇော်၍ မြောက်ဦး မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများက ရှေးဟောင်းသမိုင်းဝင်အထင်ကရ နေရာများဖြစ်သည့် သျှစ်သောင်းပုထိုးတော်ကြီးတွင် လည်းကောင်း၊ ထုက္ကန်သိမ်ပုထိုးတော်ကြီးတွင် လည်းကောင်း၊ မြောက် ဦးမြို့တည်ပုထိုးတော်ဖြစ်သော လေးမျက်နှာပုထိုးတော်ကြီး စသည့်ရှေးဟောင်း သမိုင်းဝင်အထင်ကရ ဘုရားစေတီပုထိုးများတွင် ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ထွန်းညိှ ပူဇော်ခြင်းနှင့် သင်ပုန်းဆွမ်းကပ်လှူပူဇော်ခြင်းများ၊ မီးပုံးလွတ်တင်ခြင်း၊ မီးရှုးမီးပန်းများပစ်လွတ်ပူဇော်ခြင်းအား ဗုဒ္ဓ ဘုရားရှင်ကိုရည်မှန်းပူဇော်ကာ ကောင်းမှုကုသိုလ်များပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များ၊ အများပြည်သူ သွားလာရာလမ်းများ စသောနေရာများ၌ ဆီမီးထွန်း ပူဇော်ခြင်းများအား ထွန်းညိှပူဇော်ခဲ့ပြီး ရှေးဟောင်းစေတီပုထိုးများ၌ ပြည်သူများဖြင့်စည်ကား လျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)


