မုဒုံ ၃၀ နိုဝင်ဘာ
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် အုတ်လုပ်ငန်းလုပ်ကိုင်သည့် အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်း အလုပ်သမားများအား ယနေ့နံနက် (၉)နာရီက မြို့မ(၂) ရပ်ကွက်၊ အုတ်ဖိုကွင်း၌ Test Kit ဖြင့် နှာခေါင်းနှင့်အာခေါင်တို့ဖတ် နမူနာရယူ၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဒေါ်အိအိ ချို၊ကျန်းမာရေးကြီးကြပ်-၂ များနှင့်ကျန်းမာရေးဝန်ထမ်း(၁၂)ဦးတို့က မြို့မ(၂) ရပ်ကွက် အုတ်ဖိုသို့ အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာကြသော အုတ်လုပ်ငန်းလုပ်ကိုင်းကြသည့် ရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း(၉၅)ဦးတို့အား Test Kit ဖြင့် နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာရယူစစ်ဆေးခဲ့ကြပြီး အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများမှာ Home Quarantine ထားရှိသူများ ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


