လိုင်လင်းပီ ၃၀  နိုဝင်ဘာ           

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၂)ခု ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။

 

အဆိုပါ လုပ်ငန်းများတွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၀.၅၅၀)ဖြင့် မြို့တွင်းလမ်းမီး (အလုံး ၁၀၀) တပ်ဆင်ခြင်းနှင့် ကျပ်(၈.၀၀)သန်းဖြင့် မြို့တွင်းရေဖြန့်ဝေကန် (၁၂×၁၂×၆)ပေ (၂)ခု တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်သန်း ထံမှ သိရသည်။

 

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် လိုင်လင်းပီမြို့ စည်ပင်သာယာရေးအဖွဲ့ ဘတ်ဂျက်ဖြင့် ပြင်ပကုမ္ပဏီများမှ ဆောင်ရွက်မည့် လုပ်ငန်း (၉)မျိုးအပါအဝင် ဒေသဖွံဖြိုးရေးလုပ်ငန်း စုစုပေါင်း(၁၁)မျိုး ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရသည်။

ယာကမ်(ပြန်/ဆက်)