လေးမျက်နှာ ၃၀ နိုဝင်ဘာ
သမဝါယမကဏ္ဍမှ တောင်သူဦးကြီးများ စိုက်ပျိုးထုတ်လုပ်ခဲ့သည့် မိုးစပါးများအား ရောင်းချရာတွင် အခက်အခဲမရှိစေရေးနှင့် သင့်တင့်မျှတသော ဈေးနှုန်းများရရှိစေရန် ဆောင်ရွက်လျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် သမဝါယမအသင်းစုမှ သီးနှံပေါ်ချိန်အမီ လေးမျက်နှာမြို့နယ် ပန်းတောကြီးကျေးရွာတွင် စပါးအဝယ်ဒိုင်များဖွင့်လှစ်၍ စပါးဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာ ၉ ရက်အထိ ဆင်းသုခစပါးတင်းပေါင်းတစ်သောင်းကျော် စုစုပေါင်းငွေကျပ်သန်းပေါင်း (၅၀) ဖိုး ဝယ်ယူပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


