၁ ဒီဇင်ဘာ
ဝေလမှာ ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရေးစည်းမျဉ်းအရ ဧည့်ဝတ်ပြုတဲ့နေရာတွေမှာ အရက်သေစာ ရောင်းချခွင့်ပိတ်ပင်ကြောင်းနဲ့ ဆိုင်တွေကို စောစောပိတ်ရေးကို လာမယ့်သောကြာနေ့ကစပြီး ညွှန်ကြားသွားမယ်လို့ ဝေးလ်စ်အစိုးရက တနင်္လာနေ့က ကြေညာလိုက်ပါတယ်။
သောကြာနေ့ကစပြီး သက်ဝင်မယ့် ညွှန်ကြားချက်အရ ဘားတွေ၊ စားသောက်ဆိုင်တွေနဲ့ ကော်ဖီဆိုင်တွေမှာ အရက်ရောင်းချခြင်းကို ပိတ်ပင်သွားပြီး ဆိုင်တွေအား ညနေ ၆ နာရီ နောက်ပိတ်တွင် ပါဆယ်သာ ရောင်းချခွင့် ရှိမှာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာ ဖျော်ဖြေရေးနေရာတွေဖြစ်တဲ့ ပြတိုက်တွေ၊ ရုပ်ရှင်ရုံတွေနဲ့ bowling ကစားခန်းမတွေကို အနည်းဆုံး သီတင်းနှစ်ပတ် ပိတ်ထားရမှာဖြစ်ပါတယ်။
ဒါပေမယ့် အားကစားခန်းမ၊ ဆံပင်အလှပြုပြင်ရေးနဲ့ တခြားသောပစ္စည်းအရောင်းဆိုင်တွေကို စည်းမျဉ်းအသစ်အောက်ကနေ ဖွင့်လှစ်ခွင့် ရှိသွားမှာ ဖြစ်ပါတယ်။
အင်္ဂလန်၊ စကော့တလန်၊ ဝေလ နဲ့ မြောက်အိုင်ယာလန် ဆိုတဲ့ လေးနိုင်ငံစုစည်းထားတဲ့ ဗြိတိန်မှာ ခရစ်စမတ်ချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးထိန်းချုပ်စည်းမျဉ်းတွေကို ၅ ရက် ဖြေလျော့ထားပြီး အိမ်ထောင်စု သုံးစုအထိ စုဝေးခွင့်ရှိကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
ဗြိတိန်တစ်လုံးအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၅၈,၀၀၀ ကျော်ရှိတဲ့ ပမာဏထဲမှာ ဝေလက လူပေါင်း ၂,၆၀၀ ဦးခန့် ပါဝင်ကြောင်း သိရပါတယ်။
MDN
ကိုကား -AFP