ဆိပ်ဖြူ    ၁   ဒီဇင်ဘာ 

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန်များ စျေးကွက်သို့ လျင်မြန်စွာသယ်ယူ ပို့ဆောင်ရေးအတွက် ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်  ဆောင်ရွက်မည့် ကော်တုံကျေးရွာ ကုန်ထုတ်လမ်းအား ဆိပ်ဖြူမြို့နယ် ဦးစီးမှူး ဦးရဲမင်းအောင်နှင့် ဝန်ထမ်းများ၊ တင်ဒါရကုမ္ပဏီမှ တာဝန်ရှိဝန်ထမ်းများနှင့်အတူ နိုဝင်ဘာ ၂၉ ရက်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။    

 

အဆိုပါ ကော်တုံကျေးရွာကုန်ထုတ်လမ်း အရှည် ၂ မိုင်ကို ကျောက်ရောမြေနီ ၁ ပေထု၊ မြေနီကျောက်စရစ် ၉ လက်မထု၊ အကျယ် ၁၂ ပေ ဖြင့် တင်ဒါအောင်မြင်သည့် Development Way ကုမ္ပဏီများက ဆောင်ရွက်သွားမည်ဖြစ်ပြီး ဌာနမှ တာဝန်ရှိသူများက ကြီးကြပ်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် ထံမှ သိရသည်။

 

ကော်တုံကျေးရွာတွင် ကုန်ထုတ်လမ်းဆောင်ရွက်ပြီးပါက အဆိုပါ ကျေးရွာရှိ အိမ်ခြေ ၂၇၆ အိမ်၊ လူဦးရေ ၁၂၃၀ တို့၏ စိုက်ပျိုးလယ်မြေဧက (၁၃၀)ကျော် အကျိုးရှိမည်ဖြစ်ပြီး လယ်ယာထွက်ကုန် စိုက်ပျိုးသီးနှံများကို ဈေးကွက်သို့ အချိန်မီ ကုန်ကျစရိတ်သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ 


    
ဟေမာမြင့် (ကျေးလက်)