တပ်ကုန်း ၁ ဒီဇင်ဘာ
နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ခရိုင်ချင်းဆက်လမ်း(အမှတ်-၂)ဖောက်လုပ်ရာ၌ လမ်းနယ် အတွင်းပါဝင်ခဲ့သည့် လယ်/ယာမြေ(၁၁.၇၄)ဧကအတွက် လျော်ကြေးငွေများပေးအပ်ခြင်းကို ဒီဇင်ဘာ ၁ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလျော်ကြေးငွေပေးအပ်ရာတွင် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်က စီမံကိန်းလိုအပ်ချက်အရ ခရိုင်ချင်းဆက်လမ်း(အမှတ်-၂) ဖောက်လုပ်ခဲ့ရခြင်း၊ လမ်းနယ်အတွင်း ပါဝင်ခဲ့သည့်လယ်/ယာမြေများအား တိုင်းတာတွက်ချက်၍ လယ်/ယာမြေလျော် ကြေးဥပဒေနှင့်အညီဆောင်ရွက်ပေးခဲ့ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့်အတူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ ခရိုင်လမ်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဌေးအောင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများက လယ်/ယာမြေလျော်ကြေး ငွေများအား တောင်သူများလက်ဝယ်ထံသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်ပေးအပ်ခဲ့သည်။
တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု၊ ရှောက်ကုန်းကျေးရွာအုပ်စုများမှ တောင်သူပေါင်း (၁၃)ဦး၊ လယ်မြေတစ်ဧကလျှင် လျော်ကြေးငွေကျပ်(၁၂)သိန်း၊ယာမြေတစ်ဧကလျှင် လျော်ကြေး ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် လမ်းနယ်အတွင်းပါဝင်ခဲ့သည့် လယ်/ယာမြေဧကပေါင်း(၁၁.၇၄)ဧက အတွက် စုစုပေါင်းလျော်ကြေးငွေကျပ်(၁၂.၈၈၂)သန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်


