ချောင်းဆုံ ၁ ဒီဇင်ဘာ
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် CERP အစီအစဉ်အရ မိုးစပါး မျိုးစေ့ထုတ် စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက ကော့ကဒိုက်ကျေးရွာ ကွင်းအမှတ် (၇၅၃)ရှိ တောင်သူ ဦးကျော်သက်ထွန်း၏ စံကွက်တွင် ကျင်းပရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်ဇော်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်း၊ ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မြေစာရင်းဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူလယ်သမားများ တက်ရောက်ခဲ့ကြသည်။
စံကွက်ရိတ်သိမ်းသရုပ်ပြပွဲတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးက စံပြစိုက်ကွက် ပေါ်ဆန်းရင်မျိုး စပါးထုတ်လုပ်မှုနှင့် မျိုးစပါးများသတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ဆောင်ရွက်စစ်ဆေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး တောင်သူများကလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်ဧက ၆၅၂၄၉ ဧကအနက် ပေါ်ဆန်းရင် မျိုးစေ့ထုတ်စံကွက် စိုက်ဧက ၂၀၀ စိုက်ပျိုးထားရှိကြောင်းနှင့် ယခုအထွက်နှုန်းမှာ တစ်ဧကလျှင် စပါးအစိုထွက်နှုန်း ၈ ဒသမ ၇၅ တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လွင်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


