ကလေး ၁ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ခွဲစိတ်ခန်းသုံး PAPR နှင့် ECG  3 channel စက်ကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် သုခရွှေပြည်ဆေးဆိုင်မှ ခွဲစိတ်ခန်းသုံး PAPR တစ်လုံးကိုလည်းကောင်း၊ Royal City ဆေးဆိုင်နှင့် ကိုဝင်းမင်းထိုက်တို့က PAPR တစ်လုံးကိုလည်းကောင်း၊ OSO စက်သုံးဆီဆိုင် မိသားစုမှ ECG 3 Channel စက်တစ်လုံးကိုလည်းကောင်း လာရောက်လှူဒါန်းကြရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး (ခ) အေးအေးမူ၊ ကလေးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးခင်မောင်ချိုနှင့် ကော်မတီမှတာဝန်ရှိသူများက လက်ခံရယူခဲ့ ကြသည်။

 

အဆိုပါ ခွဲစိတ်ခန်းသုံး PAPR တို့ကို ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှ အရိုးအကြောအထူးကု ဆရာဝန်ကြီး ဒေါက်တာဝင်းထွဋ် ထံသို့လည်းကောင်း၊ ECG 3 channel စက်ကို သမားတော်ကြီး ဒေါက်တာမျိုးသင်းထံသို့လည်းကောင်း ဆက်လက်လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ထန်းဖုန်(ပြန်/ဆက်)