ဟားခါး၊ ၁ ဒီဇင်ဘာ
ဟားခါးပြည်သူ့ဆေးရုံကြီး သွားနှင့်ခံတွင်း ပြင်ပလူနာဌာနတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ် ၄၈၀၀၀၀ တန်ဖိုးရှိ ကျန်းမာရေးပစ္စည်းများ လှူဒါန်းခြင်းကို ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက အဆိုပါဆေးရုံကြီး၌ ပြုလုပ်ခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆရာဝန်အသင်းမှ ငွေကျပ် ၄၅၀၀၀၀ တန်ဖိုးရှိ Powered Air-Purifying Respirator တစ်စုံနှင့် ငွေကျပ် ၃၀၀၀၀ တန်ဖိုးရှိ Filter တစ်စုံ စုစုပေါင်း ငွေကျပ် ၄၈၀၀၀၀ တန်ဖိုးရှိ ကျန်းမာရေးသုံးပစ္စည်းများကို ဟားခါးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမန်ဗျက်ကုန်း ထံ ပေးအပ်ခဲ့ပြီး ဆေးရုံအုပ်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


