နေပြည်တော်၊ ၁ ဒီဇင်ဘာ 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီခွဲတွင်   နမ့်ခမ်းမြို့နယ်၊ နမ့်မတီးကျေးရွာအနီး၊ နမ့်ခမ်း-မုံးဝီးသွားကားလမ်းတွင် မကြည်ဝင်း (ခ)ချိန်စန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား  ၅,၈၅၀ ကိုလည်းကောင်း။

အလားတူ နိုဝင်ဘာ ၃၀ ရက် ည ၁၀ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် ပင်လောင်းမြို့နယ်၊ ဟန်းစိန်ကျေးရွာအနီး၊ ပင်လောင်း- ဖယ်ခုံသွားကားလမ်းတွင် ခွန်လှထွန်း မောင်းနှင်လာသော SURF  မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ဘိန်းစိမ်း ၇၉ ဒသမ ၂ ကီလိုကိုလည်းကောင်း။

ထို့အတူ  ယင်းနေ့ ညနေ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ ဝမ်လုံကျေးရွာအုပ်စု၊ ဝမ်လုံ-နောင်ခေး ကျေးရွာသွားလမ်းတွင် စိုင်းတစ်(ခ) အိုက်တစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ကို သိမ်းဆည်းရမိပြီး ကွင်းဆက်အရ  ဝမ်လုံ-နောင်ခေး ကျေးရွာသွားလမ်းဘေး ရော်ဘာခြံအတွင်းရှိ အိုက်ထမ်း၏ နေအိမ်တဲကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၃,၄၀၀ နှင့် အိုက်စ် သုည ဒသမ ၀၄၄ ကီလိုကို ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)