နေပြည်တော် ၁ ဒီဇင်ဘာ

 

ရန်ကုန်တက္ကသိုလ်ကြီး၏ ကြီးမြတ်သည့် သမိုင်းကြောင်းများနှင့် ကြီးမားသည့် အစဉ်အလာများကို ပြည်သူများ ခံစားသိမြင်နိုင်စေရန်အတွက် စာပေပညာရှင်၊ ဝါသနာရှင်အသီသီးက မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ထုတ်ဖော် ရေးသားခဲ့ကြပါသည်။

 

အဆိုပါ ဆောင်းပါးများကို တစ်စုတစ်စည်းတည်း စုစည်း၍ “ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါးများ” စာအုပ်အဖြစ် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁) ရက် နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေမည်ဖြစ်ပါသည်။

 

ဤစာအုပ်တွင် ရှေးအစဉ်အဆက်မှ ယနေ့ထက်တိုင် အရေးပါနေဆဲ၊ တန်ဖိုးထား တမ်းတနေရဆဲဖြစ်သော ရန်ကုန်တက္ကသိုလ်ကြီး၏ သမိုင်းဖြစ်စဉ်ဖြစ်ရပ်များ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ ကြည်နူးဖွယ်၊ လွမ်းဆွတ်ဖွယ် ဘဝဖြတ်သန်းမှု အတွေ့အကြုံများကို ရေးသားဖော်ပြထားသည့် ဆောင်းပါးပေါင်း (၆၂) ပုဒ်ကို စုစည်းဖော်ပြထားပါသည်။

 

ယင်းစာအုပ်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း စာအုပ်ဆိုင်၊ အမြို့မြို့အနယ်နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများနှင့် ထုတ်လုပ် ရေးဌာနခွဲ (၀၆၇−၃၄၁၂၃၇၁၊ ၀၁−၈၃၇၁၃၄၂၊ ၀၁−၈၂၀၁၉၃၆)များတွင် ဆက်သွယ်ဝယ်ယူနိုင် ပါသည်။

 

သတင်းစဉ်