မြင်းခြံ ၂  ဒီဇင်ဘာ

မန္တလေးတိုင်း‌‌‌ဒေသကြီး မြင်းခြံခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ပြည်သူများ မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုကို ယနေ့ နံနက် ၉ နာရီက စံပြဈေးမီးပွိုင့်နှင့် အေးမြသီတာဈေးတို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် လမ်းသွားလမ်းလာ ပြည်သူများ အပြင်ထွက်သည့် အချိန်တိုင်း နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးအတွက် ယခုလို လူစည်းကားရာ နေရာမှာ ဖြန့်ဝေပေးရခြင်း ဖြစ်ကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူးက ပြောသည်။

 

အဆိုပါ ပြည်သူများ မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုဆောင်ရွက်ရာတွင် ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ နှာခေါင်းစည်း အခု (၂၀၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။                           

ကျော်စွာ(မြင်းခြံ)