ငဖဲ၊   ၂   ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကျေးလက်ဒေသနှင့် မြို့ပြဆက်သွယ်သွားလာမှု အဆင်ပြေ လွယ်ကူချောမွေ့စေရန်အတွက် ငဖဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက လမ်း/ တံတားများကို ဖောက်လုပ် တည်ဆောက်ပေးလျက်ရှိရာ ဆူးပဒေါင်းကျေးရွာအုပ်စု ဆူးပဒေါင်းကျေးရွာ အဝင်တွင် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်သော သံကူကွန်ကရစ် တံတားသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးနေပြီဖြစ်၍ ကျေးလက်နေ ပြည်သူများ သွားလာရအဆင်ပြေလျက်ရှိကြောင်း  သိရသည်။

 

အဆိုပါ ပေ ၄၀ အရှည်ရှိ သံကူကွန်ကရစ်တံတားကိုကို ငဖဲမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၃၅ သန်းဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလက စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ရာ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်ကုန်တွင် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးခဲ့ခြင်း ဖြစ်သည်။

 

ဆူးပဒေါင်းကျေးရွာအုပ်စုရှိ အနီးပတ်ဝန်းကျင်ကျေးရွာများမှ အိမ်ခြေ ၅၈၂ အိမ် နှင့် လူဦးရေ ၂၃၄၂ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် လူမှုစီးပွားဘ၀ကို အထောက်အကူပြုလျက်ရှိပြီး ငဖဲမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်   ကျေးလက်လမ်း  ၁၅ ခု၊ တံတား လေးစင်းနှင့် Box Culvert ၂၁ စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)