၂  ဒီဇင်ဘာ

 

အိန္ဒိယနိုင်ငံမြောက်ပိုင်း  ဉတာပရာဒေ့ပြည်နယ်တွင် ယနေ့မနက်က  မော်တော်ယာဉ်တစ်စင်းပေါ်သို့ သဲအပြည့်တင်ဆောင်ထားသော ထရပ်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူရှစ်ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

 

အဆိုပါ ယာဉ်မတော်တဆမှုသည် ဒေလီမြို့အနီး Kaushambi ဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

ထိုမော်တော်ယာဉ်ပေါ်တွင် မင်္ဂလာဆောင်သို့ သွားရောက်ပြီး အိမ်ပြန်လာကြသော မိသားစုဝင်များနှင့် ဆွေမျိုးများ ပါရှိကာ ၎င်းတို့သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း မီဒီယာတွင် ဖော်ပြထားသည်။

 

သေဆုံးသူအများစုမှာ အမျိုးသမီးများဖြစ်သည်ဟု သိရသည်။

 

သဲအပြည့်တင်ဆောင်ထားသော ထရပ်ကား၏ တာယာဘီး ကွဲထွက်ကာ အနီးနားတွင် ရပ်ထားသောမော်တော်ယာဉ်ပေါ်သို့ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

 

ပြည်နယ်ဝန်ကြီးချုပ် ယိုဂီ အာဒစ်ရာနတ် က ထိုယာဉ်မတော်တဆဖြစ်မှုအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး သေဆုံးသူမိသားစုအတွက် အကူအညီများတတ်နိုင်သမျှ ပေးအပ်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို