နောင်ချို၊  ၂  ဒီဇင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ စျေးရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ဒီဇင်ဘာ ၂ ရက်  နံနက် ၉ နာရီက စျေးရပ်ကွက်ဓမ္မာရုံ၌ ဆန်များ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် အလှူရှင်များစုပေါင်းလှူဒါန်းသည့် ဆန်(၁၁၈)အိတ်ကို စျေးရပ်ကွက်အတွင်းရှိ အခြေခံ လူတန်းစားအိမ်ထောင်စု (၅၄၅)စုတို့အား ထောက်ပံ့ပေးခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လူစုလူဝေး မဖြစ်စေဘဲ (၆)ပေခြား၍ စနစ်တကျပေးအပ်ခဲ့ပြီး ဆက်လက်ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို-ပြန်ဆက်)