ငါးသိုင်းချောင်း၊ ၂ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ အ.ထ.ကကျောင်းရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းခြင်းကို ဒီဇင်ဘာ ၂ ရက်က လင်းရောင်ခြည်လူမှုဖွံ့ဖြိုးရေးအသင်း(ရေကြည်မြို့)မှ လာရောက် လှူဒါန်းကြသည်။
ထိုသို့လှူဒါန်းရာတွင် မျက်နှာအကာ အခု ၄၀၊ ခါးစည်း အခု ၈၀၀၊ Surgical Mask အခု ၂၀၀၀၊ လည်ရှည်ဖိနပ် လေး ရံ၊ N-95 Mask အခု ၃၀၊ Handgel ငါးဘူး၊ လက်အိတ် အစုံ ၁၅၀၊ PPE ဝတ်စုံ ခုနစ်စုံ၊ ခေါင်းစည်း အခု ၁၀၀၀ နှင့် ၁၈ လီတာဆံ့ ပိုးသတ်ဆေးပုံး တစ်ပုံး စုစုပေါင်း ပစ္စည်း ၁၀ မျိုးကို လှူဒါန်းခဲ့သည်။
ငါးသိုင်းချောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာကော်မတီနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိကြောင်း ငါးသိုင်းချောင်းမြို့ရှိ Quarantine Center ကြီးကြပ်ရေးတာဝန်ခံ ဦးထွန်းလင်းဦးထံမှ သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)


