ကလေးများအား မှောင်ခိုဈေးကွက်မှာ ရောင်းချနေသည့် တရားမဝင်ဆေးခန်းအား နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေ ၁၀ ဦးကယ်တင်နိုင်

၂ ဒီဇင်ဘာ

နိုင်ဂျီးယားနိုင်ငံရှိ တရားမဝင် ကလေးမွေးဖွားရာ ဆေးခန်းတစ်ခန်းကနေ ကလေးငယ် လေးဦး၊ ကိုယ်ဝန်ဆောင် လေးဦးနဲ့ တခြားအမျိုးသမီး နှစ်ဦးတို့ကို ကယ်တင်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ ပြောကြားပါတယ်။ 

နိုင်ငံရဲ့ အနောက်တောင်ပိုင်း အိုဂန်းပြည်နယ်ရှိ မိုဝေဒေသမှာ “baby factory” ဟု ခေါ်ဆိုတဲ့ ကလေးမွေးဖွားပြီး မွေးကင်းစကလေးတွေအား မှောင်ခိုဈေးကွက်မှာ ရောင်းချနေတဲ့ဆေးခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပါတယ်။

ကယ်တင်ခံရတဲ့ အမျိုးသမီးတွေအပြောအရ တရားမဝင်ဆေးခန်းပိုင်ရှင်က အမျိုးသမီးတွေ ကိုယ်ဝန်ရစေရန် အမျိုးသားတွေ ငှားထားကြောင်း၊ တချို့ အမျိုးသမီးငယ်တွေဟာ ဖမ်းဆီးခံထား ရသူများဖြစ်ပြီး မုဒိမ်းကျင့်ခံရကြောင်းနဲ့ မွေးဖွားလာတဲ့ မွေးကင်းစကလေးငယ်တွေကို မှောင်ခို ဈေးကွက်မှာ ရောင်းချကြောင်း သိရပါတယ်။

ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ဖော်ပြပါကိစ္စနဲ့ ဆက်နွှယ်ပြီး သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးထားကြောင်း၊ ဖမ်းဆီးခံရသူ နှစ်ဦးဟာ တရားမဝင် ဆေးခန်းပိုင်ရှင်၏ သမီးဖြစ်သူနဲ့ စိတ်ရောဂါရှိသူ အမျိုးသား တစ်ဦးတို့ ဖြစ်ကြောင်း ပြောပါတယ်။ တရားမဝင်ဆေးခန်း လည်ပတ်အောင် ဦးဆောင်လုပ်ကိုင်နေသူ အမျိုးသမီးဟာ ထွက်ပြေးနေပြီး အဲဒီအမျိုးသမီးကို ဖမ်းဆီးပြီး တရားဉပဒေအရ ဖြစ်စေရမယ်လို့ ထည့်သွင်း  ပြောကြားပါတယ်။ 

နိုင်ဂျီးရီးယားနိုင်ငံ တောင်ပိုင်းမှာ တရားမဝင် ကလေးမွေးဖွားရာ နေရာတွေကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခြင်းဟာ လုပ်ဆောင်နေကျ လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း သိရပါတယ်။ 

MDN
ကိုးကား - AFP