မက်မန်း၊  ၂  ဒီဇင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မက်မန်းမြို့တွင် စျေးရောင်း/စျေးဝယ်များ ခရီးသွားပြည်သူများ၊ နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း စနစ်တကျဝတ်ဆင်သွားလာရေး ကမ်ပိန်းဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မက်မန်းမြို့ လူစည်ကားရာ မြို့လည်ကောင်တွင် တာဝန်ရှိသူများက Mask ဝတ်ဆင် သွားလာခြင်း မရှိသော ပြည်သူများအား Mask အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပြီး လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေး ပြောကြားသည်။ 

မက်မန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းမြတ်စိုး(ပြန်/ဆက်)