ဘားအံ၊ ၂  ဒီဇင်ဘာလ  

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အမှတ်(၁) ဘိလပ်မြေစက်ရုံ တန် ၉၀၀ (မြိုင်ကလေး) ငွေစုငွေချေး သမဝါယမအသင်းလီမိတက်က အသင်းသား ၄၉၈ ဦးအတွက် စုဆောင်းငွေပေါ်အတိုးငွေကျပ် ၄၇၅၅၃၅၃၈၊ အသင်းသားဝေစုအဖြစ် ငွေကျပ် ၁၄၉၄၀၀၀၀ ထုတ်ပေးခဲ့သည်။

အလားတူ အသင်းသား၊ အသင်းသူများ၏ သားသမီးများအတွက် ပညာသင်စရိတ် ငွေကျပ် ၂၅၀၀၀၀ တို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ထောက်ပံ့ပေးခဲ့ကြောင်း သမဝါယမဦးစီးဌာနမှ သိရသည်။

MDN