(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ  ၃  ရက်)

(မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 (က) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ  ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm) "ဘူရီဗီ"(Burevi)သည် သီရိလင်္ကာနိုင်ငံပေါ်တွင် ဆက်လက်တည်ရှိနေပါသည်။  

(ခ) ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) "ဘူရီဗီ"(Burevi)သည် မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၉.၀)ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၈၀.၈)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ် နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်း ဖြစ်ပါသည်။

(ဂ) နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)"ဘူရီဗီ"(Burevi)သည် အနောက်- အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ မန်နာပင်လယ်ကွေ့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

Crd> မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန