ပွင့်ဖြူ၊ ၃ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြည်လုံးကျော်ကျေးရွာ လွမ်းတောင်ဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော်နှင့် ကျောင်းသားများအတွက် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရ၍ ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေဂါလန် ၁၆၀၀ ဆံ့ ရေသယ်ယာဉ်တစ်စီး သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းပေးရာတွင် ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ၏ လမ်းညွှန်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေမင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လွမ်းတောင်ဘုန်ကြီးကျောင်းရှိ ရေလှောင်အုတ်ရေကန်အတွင်း ရေဂါလန် ၁၆၀၀ အား ကျောင်းထိုင်ဆရာတော်နှင့် ကျောင်းသားများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရန် စနစ်တကျ ဖြည့်တင်းလှူဒါန်းပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ ထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


