လေးမျက်နှာ၊ ၃ ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်အုပ်စု၊ သောင်ဘုတ်ရွာနှင့် အလယ်ကျွန်း ကျေးရွာတို့တွင် နိုဝင်ဘာလ ၂၆ ရက်က ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွေ့ခဲ့ရသော အိမ်ခြေ(၆)လုံးအတွက် ဒီဇင်ဘာ ၂ ရက် မွန်လွဲ ၁၂ နာရီခွဲတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ထောက်ပံ့ပေးအပ်ခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးသော ထောက်ပံ့ပစ္စည်းများအား မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေ၀ဏ္ဏသူ မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကော်မတီ၀င် ဦးမြင့်၀င်းနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးဉာဏ်၀င်းပိုင်တို့မှ သောင်ဘုတ်ရွာနှင့် အလယ်ကျွန်းကျေးရွာတို့တွင် ကမ်းပြိုဘေးကြောင့် ပြောင်းရွေ့ခဲ့ရသော အိမ်ခြေ (၆)လုံးအတွက် အိမ်ထောင်တစ်စုလျှင် Hygiene kit (၁)တာပေါ်လင် တစ်ချပ်စီတို့ကို အိမ်ထောင်စုများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေဝေ(လေးမျက်နှာ)