လိပ်သို ၊ ၃ ဒီဇင်ဘာ
ကရင်ပြည်နယ် ဘားအံခရိုင် လိပ်သိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌ မိသားစု၀င်ငွေတိုးဖို့ ကော်ဖီတိုးချဲ့စိုက်ပျိုးစို့ Online Talk Show အသိပညာပေးဆွေးနွေးမှုကို ဒီဇင်ဘာ ၃ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပြည်သူများ Online မှ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ကာ Talk Show ပညာပေး အစီအစဉ်များ ကျင်းပနေခြင်းဖြစ်ကြောင်း ရှင်းပြသည်။ ထို့နောက် မိသားစု ၀င်ငွေတိုးဖို့ ကော်ဖီ တိုးချဲ့စိုက်ပျိုးစို့ Talk Show အစီအစဉ်ပြုလုပ်ရာ လိပ်သိုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်သော်မြင့်က လိပ်သိုဒေသ၏ ရာသီဥတုနှင့် ကိုက်ညီမည့် ကော်ဖီအမျိုးအမည်များနှင့် ဒေသခံ ပြည်သူများအနေဖြင့် ကော်ဖီသီးနှံကို စီးပွားဖြစ် သီးနှံအဖြစ် စိုက်ပျိုးလာစေရန်၊ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသော သီးနှံထွက်ကုန်များ တိုးချဲ့ ထုတ်လုပ် လာနိုင်စေရန်၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရန်နှင့် မိသားစု တစ်ပိုင်တစ်နိုင် လုပ်အားဖြင့် ၀င်ငွေ တိုးတက်လာစေရန်နှင့် ပတ်သက်၍ Online Talk Show အစီအစဉ်ကို ပညာပေးဟောပြော ဆွေးနွေးသည်။
အဆိုပါ ဆွေးနွေးခြင်းကို Online မှ တစ်ဆင့် အသိပညာပေးနိုင်ရေးအတွက် ရည်ရွယ်ကာ IPRD Leiktho Page မှ တစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
နွယ်နွယ်ခိုင်(ပြန်/ဆက်)


