၃ ဒီဇင်ဘာ
တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအစီအမံများ လုပ်ဆောင်နေစဉ် ကျောင်းသားများသည် အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲများ ဖြေဆိုနေကြသည်။
နိုင်ငံတစ်ဝန်းရှိ နေရာ ၁၃၀၀ ခန့်တွင် ကျောင်းသားဦးရေ ၄၉၀၀၀၀ ခန့်သည် ကောလိပ်ပညာသင်ကြားခြင်းဆိုင်ရာ စစ်ဆေးမှုလုပ်ဆောင်နေသည်။
ပြီးခဲ့သည့် သီတင်းပတ်က ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှု တစ်နေ့လျှင် လူ ၅၀၀ ကျော်ရှိပြီး ဗုဒ္ဓဟူးနေ့တွင် ကူးစက်သူအရေအတွက် ၅၄၀ ရှိကြောင်း ဖော်ပြထားသည်။
ယင်းကူးစက်မှုသည် မတ်လနောက်ပိုင်း ကူးစက်မှုအမြင့်မားဆုံးအဆင့် ဖြစ်သည်။
ရောဂါကူးစက်မှုများ ပြန်လည်ဖြစ်ပွားလာမှုနှင့်ပတ်သက်ပြီး အစိုးရက ကန့်သတ်ချက်များကို ပိုမိုတင်းကျပ်စွာချမှတ်ထားသည်။
စာဖြေဆိုသည့်စားပွဲတိုင်းတွင် အကန့်များထားရှိပြီး စာမေးပွဲဖြေဆိုသူများအားလုံးသည် နှားခေါင်းစည်းဝတ်ဆင်ရမည် ဖြစ်သည်။
ရောဂါကူးစက်မှုရှိသော ကျောင်းသားများကို ဆေးရုံတွင် စာမေးပွဲဖြေဆိုခွင့်ပြုခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို