မဘိမ်း၊ ၄ ဒီဇင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ငါးအိုးတိုက်နယ်ဆေးရုံတွင် ဒီဇင်ဘာ ၃ ရက် ညနေ ၆ နာရီ ၄၅ မိနစ်က သုံးမြွှာပူးကလေးငယ်များ အောင်မြင်စွာ ဖွားမြင်နိုင်ခဲ့ကြောင်း ငါးအိုးတိုက်နယ်ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာဝင်းမင်းဦး၏ ပြောကြားချက်အရ သိရှိရသည်။

 

အဆိုပါ သုံးမြွှာပူးကလေးများ၏ မိခင်မှာ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာအုပ်စု၊ ကောင်းကင်သာကျေးရွာမှ မခင်စန်းနွယ် ဖြစ်ပြီး ၄င်းကို ငါးအိုးတိုက်နယ်ဆေးရုံမှ လက်ထောက် ဆရာဝန် ဒေါက်တာဝင်းမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ဒီဇင်ဘာ ၃ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် ပထမကလေးငယ်ကို လည်းကောင်း၊ ညနေ ၆ နာရီ မိနစ် ၅၀ တွင် ဒုတိယကလေးငယ်ကို လည်းကောင်း၊ ည ၇ နာရီ ၆ မိနစ်တွင် တတိယကလေးငယ်ကို လည်းကောင်း အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။ ကလေးငယ်သုံးဦးမှာ ယောကျ်ားလေး နှစ်ဦးနှင့် မိန်းကလေး တစ်ဦးဖြစ်ပြီး ကလေးငယ်များမှာ ပေါင်ချိန်ပြည့်မီကာ မိခင်ရော ကလေးများပါ ကျန်းမာလျက်ရှိကြောင်း ငါးအိုးတိုက်နယ်ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာဝင်းမင်းဦးက ပြောပြသည်။

 

ထိုသုံးမြွှာပူးကလေးများ၏ မိခင်ဖြစ်သူ မခင်စန်းနွယ်သည် အသက်(၃၀)အရွယ်ရှိပြီဖြစ်ပြီး ပထမအကြိမ်မီးဖွားရာ၌ ယောကျ်ားလေးတစ်ဦးနှင့် ယခုအကြိမ်မီးဖွားရာ၌ ယောကျ်ားလေး နှစ်ဦးနှင့် မိန်းကလေးတစ်ဦး သုံးမြွှာပူးမွေးဖွားခဲ့ကြောင်း သိရသည်။ 

မျိုးမင်း(ပြန်/ဆက်)