မိုင်းယောင်း၊ ၄ ဒီဇင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းက အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိသူများအား စားသောက်ကုန်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

 

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း ဦးဆောင်သောအဖွဲ့က ဝမ်ဘိုးကျေးရွာအုပ်စုရှိ အမက(ယမ်းလဲ)၊ အမက(ယမ်းမွန်း)၊ အမက(ဝမ်ဘိုး)နှင့် အမက(ပါမုန်)၊ မုန်းလိုက်ကျေးရွာအုပ်စုရှိ အမက(ဝမ်လျဲန်းဖိုင်)၊ ဟောင်ကြန့် ကျေးရွာအုပ်စုရှိ အမက(ဟောင်ကွေ့) Community Based Facility Quarantine Center များသို့ လည်းကောင်း၊ ကော်မတီအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦး ဦးဆောင်သောအဖွဲ့က ဝမ်မန်းကျေးရွာအုပ်စုရှိ အမက(ဝမ်တုံ့)၊ အမက(ဝမ်တုန်)၊ အမက(ယမ်းပုန်း)နှင့် အမက(ဝမ်ဖြတ်) Community Based Facility Quarantine Center များသို့လည်းကောင်း အဖွဲ့နှစ်ဖွဲ့ခွဲ၍ သောက်ရေသန့်နှင့် ဆပ်ပြာခဲများ၊ လက်သန့်ဆေးရည်နှင့် နှာခေါင်းစည်းများ စသည့် စားသောက်ကုန်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို သွားရောက်ထောက်ပံ့ ပေးခဲ့ကြပြီး လိုအပ်လာပါက Community Based Facility Quarantine Center များအဖြစ် တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်မည့် နေရာများကိုလည်း သွားရောက်ကြည့်ရှုကြသည်။

 

မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများနှင့် ပြည်တွင်းရှိ Stay At Home အစီအစဉ်တွင် အကျုံးဝင်သော မြို့နယ်များနှင့် ရောဂါဖြစ်ပွားရာ မြို့နယ်များမှ ပြန်လည်ဝင်ရောက်လာသူများအား မြို့နယ်အတွင်း ဖွင့်လှစ်ထားသော Community Based Facility Quarantine Center အသီးသီးတွင် အသွားအလာကန့်သတ် စောင့်ကြည့်မှု ခံယူလျက်ရှိပြီး ကျန်းမာရေးဌာနမှ နေ့စဉ် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း