၅ ဒီဇင်ဘာ
အခုက အိုင်တီနည်းပညာခေတ်ဖြစ်တယ်။ အိုင်တီနည်းပညာဟာ တစ်ကမ္ဘာလုံးမှာ တိုးတက်နေတယ်။ ကျွန်မတို့နိုင်ငံကို အိုင်တီနည်းပညာ ရောက်လာပြီး ပြန့်ပွားလာတာ နိုင်ငံတော်တော်များများနဲ့စာရင် နောက်ကျနေတယ်လို့ ပြောရပါမယ်။ သို့သော်ငြားလည်း မြန်ဆန်ပါတယ်။ အခုငါးနှစ်အတွင်းမှာ ပြည်သူလူထုရဲ့ မိုဘိုင်းဖုန်းအသုံးပြုမှုနှုန်းဟာ ၁၀၀ ရာခိုင်နှုန်းကျော်သွားပါပြီ။ ပြောရမယ်ဆိုရင် ပျမ်းမျှခြင်းအားဖြင့် တစ်ယောက်မှာ တစ်လုံးမကတောင် ရှိနေတယ်လို့ ပြောလို့ရပါတယ်။ ပြီးတော့ ပြည်သူတွေဟာ မိုဘိုင်းဖုန်းကို သုံးတတ်လာပြီ၊ ဒီမိုဘိုင်းဖုန်းကို သုံးခြင်းအားဖြင့် စီးပွားရေးဘက်၊ ပညာရေးဘက်မှာလည်း ထိထိရောက်ရောက် တိုးတက်နိုင်အောင် သုံးနည်းသုံးဟန်တွေ ပြည်သူတွေကြားထဲမှာ ပညာပေးဖို့၊ နောက်ပြီး သုံးပြီးတော့ ပြည်သူတွေရဲ့ စီးပွားရေးဘက်မှာ တောင့်တင်းလာဖို့ဆိုတဲ့ အစီအစဉ်တွေလည်း စပြီးချမှတ်နေပါတယ်။ ဒီစီမံကိန်းတွေကိုလည်း စပြီးတော့ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ ။
(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဉက္ကဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀-၁၁-၂ဝ၂ဝ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)


