ဒီဇင်ဘာ

ဒီလိုစီမံကိန်းကြီးတွေ အကောင်အထည်ဖော်တဲ့အခါမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရုံတင်မကဘူး၊ ကျွန်မတို့ပြည်သူတွေအတွက် အလုပ်အကိုင်ဖန်တီးမှုဘက်မှာ အင်မတန်မှ အရေးပါပါတယ်။ အလုပ်အကိုင် ဖန်တီးခြင်းအားဖြင့် ကိုဗစ်နောက်ပိုင်းကာလမှာ ပြည်သူတွေ တစ်ဦးချင်းရဲ့ စီးပွားရေးအခြေအနေ ဦးမော့လာအောင်လို့ ဒါတွေဟာ အထောက်အကူဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အခု ကိုဗစ်ရောဂါ နည်းနည်းပြန်ပြီး ပြန့်ပွားလာတဲ့ကာလမှာ ရာသီဥတုက အေးလာလို့ ဒီရောဂါပိုးတွေ ပြန်ပြီးတော့၊ ပိုပြီးတော့ နည်းနည်းပြင်းထန်လာတဲ့ ကာလအတွင်းမှာ ကျွန်မတို့ ပြည်သူတွေက သတိထားစေချင်တယ်။ အားတင်းထားပါ။ ဒီဟာတွေကို ကျော်လွှားနိုင်မှာပါ။ ကျော်လွှားနိုင်တဲ့ အရည်အချင်းရှိတယ်လို့ ကျွန်မယုံကြည်ပါတယ်။

(Coronavirus Disease 2019 (covID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀-၁၁-၂၀၂၀ ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)