မန္တလေး၊ ၅ ဒီဇင်ဘာ
မန္တလေးခရိုင်အတွင်း Stay at Home ယနေ့စတင်ကာ မန္တလေးမြို့ လမ်းမများ၌ လူသွားလူလာနည်းပါး နေသည်ကို တွေ့ရသည်။
လမ်းပေါ်ထွက်လာသူများကို ဝင်ထွက်ခွင့်ကတ်စစ်ဆေးကာ မပါသူများကို ဒဏ်ရိုက်မှုများလည်း ပြုလုပ်နေသည်ဟု သိရသည်။
လမ်းများကိုလည်း မိန်းလမ်းမကြီးများသာ ဖွင့်ထားပြီး ကြားလမ်းမကြီးများကို ကြိုးများဖြင့် ကန့်သတ်ပိတ်ထားသည်။
COVID-19 ရောဂါထိန်းချုပ် ကာကွယ်ရေးအတွက် မန္တလေးမြို့နေ ပြည်သူများကို Stay at Home နေထိုင်ရန် တိုင်းဒေသကြီးအစိုးရက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
ဖြိုးအိ


