တပ်ကုန်း၊ ၅ ဒီဇင်ဘာ       

နေပြည်တော် တပ်ကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၆၈) စက်မှုလယ်ယာစခန်းက ဦးစီးကျင်းပသည့် အာလူးသီးနှံများကို စက်ကိရိယာဖြင့် သရုပ်ပြစိုက်ပျိုးပေးခြင်းကို ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက ကွင်းအမှတ် ၁၃၀၈(က)ကွင်း၊ ခရမ်းစပ်ကုန်းကျေးရွာ၊ တောင်သူ ဦးမြင့်ဇော်၏ အာလူးတစ်ဧကခွဲစိုက်ကွက်တွင် ကျင်းပပြုလုပ်သည်။

 

အဆိုပါ စိုက်ပျိုးရာတွင် စက်မှုလယ်ယာဦးစီးဌာန (ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းက  အာလူးသီးနှံများကို စက်ကိရိယာဖြင့် သရုပ်ပြစိုက်ပျိုးခြင်းနှင့်ပတ်သက်၍  တက်ရောက်လာသည့် တောင်သူများအား ရှင်းလင်းပြောကြားပြီးနောက် တန်းကြား(၃၀)လက်မရှိ လေးတန်းစမ်း စက်ကိရိယာဖြင့် မျိုးအာလူးကုန်ချိန်(၆၀၀)ခန့် သရုပ်ပြစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်