ပုသိမ်ကြီး၊ ၅ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပုသိမ်ကြီးမြို့နယ်အတွင်း သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ရေတော်၊ နှမ်းကြဲ၊ ဆင်ပွတ်ကြီး၊ ဇီးတော၊ မင်းကန်၊ တောစု၊ ဘုတ်၊ သက္ကယ်ကျင်းကျေးရွာ ၈ ရွာ၌ ရေရရှိရေးဆိုင်ရာ အချက်အလက်များအား ဒီဇင်ဘာ ၅ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းကောက်ယူခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ကောက်ယူရာတွင် ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းယုလှိုင် နှင့် ဝန်ထမ်းများက ရေရရှိရေးဆိုင်ရာ အချက် အလက်များစစ်တမ်းကောက်ယူရာတွင် အသုံးပြုသည့် Rural Water Supply Management Information System - MIS Software ဖြင့် ကျေးရွာများတွင် လက်ရှိရေရရှိမှု အခြေအနေများ၊ ရေအရင်းအမြစ် စစ်တမ်းများ၊ ကျေးရွာရေရရှိရေးဆိုင်ရာ အချက်အလက်များကို ကောက်ယူခဲ့သည်။
ထိုသို့ကောက်ယူခြင်းသည် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ အဖွဲ့အစည်းများမှ သောက်သုံးရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ကောက်ယူခြင်းဖြစ်ပြီး လက်ရှိအချိန်ထိကျေးရွာပေါင်း ၅၃ ရွာတွင် ကောက်ယူပြီးဖြစ်ကာ ကျန်ရှိသည့် ကျေးရွာ ၈၄ ရွာအား ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးစန်းယုလှိုင် က ပြောပြ၍ သိရသည်။
ငြိမ်းသူ


