ရွှေဘို ၊ ၅ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ နေအိမ်ပြင်ပသွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း ရှိ/မရှိကို အသွားအလာများသော နေရာများတွင် ဒီဇင်ဘာ ၄ ရက်နေ့ မှစတင်၍ နေ့စဉ်စစ်ဆေးလျက်ရှိသည်။
ထို့သို့စစ်ဆေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အများပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် အပြင်ထွက်လျှင် ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ရန် ညွှန်ကြားချက်အား လိုက်နာခြင်းရှိ၊ မရှိကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဒေါ်ခင်ချိုချို ဦးဆောင်၍၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးအောင်မျိုး၊ ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆာမှုအဲ၊ စည်ပင်ကော်မတီမှ တာဝန်ရှိသူများ၊ ကျန်းမာရေဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပါဝင်သော စုပေါင်းအဖွဲ့က ရှောင်တခင်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ယမန်နေ့ကနေအိမ်ပြင်ပသွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း မရှိသူ (၂၄၃)ဦးနှင့် ယနေ့တွင်(၁၀၆)ဦး စုစုပေါင်း(၃၄၉)ဦးအား maskတစ်ခုလျင် (၅၀)ကျပ်နှုန်းဖြင့်ရောင်းချပေးပြီး တစ်ဦးလျှင် ဒဏ်ငွေကျပ် (၁၅၀)စီလည်ကောင်း၊ mask တပ်ဆင်ခြင်းမရှိသူ (၁၀)ဦးပြည့်လျှင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဒေါ်ခင်ချိုချို နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာအောင်သူရ တို့မှ ရွှေဘိုမြို့တွင် Covid-19 အတည်ပြုရောဂါ ဖြစ်ပွားမှုများပြားနေသဖြင့် တတ်နိုင်သ၍ နေအိမ်ပြင်သို့ အကြောင်းမဲ့ ထွက်ခွာခြင်းမပြုရန် အပြင်ထွက်လျှင်လည်း masks နှာခေါင်းစီးတပ်ဆင်ပြီးမှအပြင်ထွက်ရန် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အညီနေထိုင်ကြရန် ကျန်းမာရေး အသိပညာပေးပြောကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)


