လက်ပံတန်း၊   ၅  ဒီဇင်ဘာ

အများပြည်သူစားသုံးရန် မသင့်သော အသားများ ရောင်းချမှုမရှိစေရေး စစ်ဆေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ဒီဇင်ဘာ  ၅  ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် မြို့မဈေးကြီးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာစိုးမိုးဝင်းနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများ၊ မြို့မဈေး တာဝန်ခံ ဦးတိုးအောင်နှင့် ပူးပေါင်းအဖွဲ့တို့သည် မြို့မဈေးအတွင်း အသားများရောင်းချ ရာတွင် သန့်ရှင်း လတ်ဆတ်စေရန်နှင့် အများပြည်သူ စားသုံးရန်မသင့်သော အသားများ ရောင်းချမှု မရှိစေရေးကို လိုက်လံစစ်ဆေးခဲ့ပြီး အာဖရိကဝက် အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာရန် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝင့်နန္ဒာဌေး