ရေတာရှည်   ၅  ဒီဇင်ဘာ
    
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက ဆင်ဂွေကျေးရွာအုပ်စု၊ ပိတောက်စမ်းကျေးရွာ၊ ဓမ္မရောင်ခြည် ကျောင်းတိုက်သို့ ရောက်ရှိခဲ့ပြီး ကျောင်းထိုင်ဆရာတော် ဦးဉာဏ်တိကအား အလှူငွေများ ဆက်ကပ်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ 
        
ထို့နောက် ပိတောက်စမ်းကျေးရွာတွင် အမျိုးသား ဓာတ်အားရရှိရေး စီမံကိန်း (NEP) စီမံကိန်းဖြင့် ကျေးရွာမီးလင်းရေး လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ရေတာရှည်မြို့၊ မြို့နယ်လျှပ်စစ်မှူး ဦးဖြိုးစည်သူက ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်မှ နိုင်ငံတော် အစိုးရအနေဖြင့် ဆောင်ရွက်မှု အခန်းကဏ္ဍနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာတွင်းဆောင်ရွက်ရမည့် လုပ်ငန်းများအား ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

ယင်းနောက်  ရေတာရှည် - ကရင်ချောင်း ကားလမ်းပိုင်းတွင် မြေယာအငြင်းပွားမှုကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးကော်တီ၊ ရပ်ကျေးကော်မတီ၊ ဒေသခံများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
        
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပိတောက်ကျေးရွာအတွင်း လျှပ်စစ်မီးသွယ်တန်းရေး လုပ်ငန်းများကြည့်ရှုခဲ့ပြီး ရွာသူရွာသားများအားတွေ့ဆုံ၍ အမြွှာပူးမွေးဖွားထားသည့် မိခင်နှင့် မြန်မာမှုအနုပညာ စန္တယားအတီးသင်ကြားနေသော စတုတ္ထတန်းကျောင်သူ မဆုမြတ်မွန်တို့ကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ 

ကိုလွင်(ဆွာ)