မကွေး၊ ၆ ဒီဇင်ဘာ 

မကွေးတိုင်းဒေသကြီးတွင် ဒီဇင်ဘာ ၅ ရက် ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း လူနာပေါင်း(၁၅၄၂)ဦးအထိ ရှိပြီဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

 

မကွေးတိုင်းဒေသကြီးအတွင်း ရောဂါပိုးကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်ကာ ဆေးရုံဆင်းခွင့် ရရှိသူ တွေရှိသလို ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုကလည်း  ရှိနေဆဲဖြစ်ပါတယ်။ ဒီဇင်ဘာ ၅ ရက်မှာ တွေရှိခဲ့တဲ့ လူနာတွေက NHL စစ်ဆေးမှုအရ ဆင်ပေါင်ဝဲ (၃)ဦး၊ မင်းဘူး (၅)ဦး၊ အောင်လံ (၈)ဦး၊ ချောက်(၄)ဦး၊ သရက်(၁) ဦးတို့ဖြစ်ပြီး ပိုးတွေ့လူနာတွေထဲက အောင်လံ (၅)ဦးနဲ့ မင်းဘူးက(၅)ဦးတို့က ပိုးတွေ့ အတည်ပြုလူနာနှင့် ထိတွေ့မှုရှိတာကြောင့် အသွားအလာကန့်သတ်ထားသူတွေပါ။ ကျန်သူတွေက ရန်ကုန်ပြန်၊ စစ်တွေပြန် Quarantine Centre တွေက ဖြစ်ပါတယ်။ RDT စစ်ဆေးမှုအနေနဲ့ ချောက်(၁)ဦးနဲ့ ပေါက်(၁)ဦးတို့က ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေဖြစ်ပြီး အောင်လံက အနံ့ ပျောက်စောင့်ကြည့်လူနာ (၁)ဦး၊ မကွေး (၁)ဦး ၊ ရေနံချောင်း (၁)ဦးနဲ့ ဂန့်ဂေါက (၁)ဦးတို့က ရောဂါလက္ခဏာရှိ စောင့်ကြည့်လူနာများ (PUI)ဖြစ်ပြီးတော့ တောင်တွင်းကြီး (၃)ဦးက ပိုးတွေ့လူနာနဲ့ ထိတွေ့မှုရှိသူ တွေဖြစ်ပါတယ်။ အားလုံးပေါင်း (၃၀)ဦး ပိုးတွေ့ရှိခဲ့တာပါ။ ဒီဇင်ဘာ ၅ ရက် ညပိုင်းအထိ မကွေးတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာအနေနဲ့ စုစုပေါင်း(၁၅၄၂)ဦး ရှိနေပြီ ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက အတည်ပြုပြောကြားသည်။

 

မကွေးတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာ ၅ က် ညပိုင်းအထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း (၁၅၄၂)ဦးထိ ရှိလာပြီး တိုင်းဒေသကြီးက ဆေးရုံအသီးသီးမှာ ဆေးရုံတက်ရောက်ဆဲ (၂၇၈)ဦးရှိကာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ (၁၂၆၁)ဦးနှင့် သေဆုံးသူ(၃)ဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။   

သန်းနိုင်ဦး(ငဖဲ)