မြစ်ကြီးနား၊   ၆    ဒီဇင်ဘာ                                          

ကချင်ပြည်နယ်အတွင်း ဒီဇင်ဘာလဆန်းမှ စတင်၍  Covid-19 ရောဂါဖြစ်ပွားမှုမှာ နေ့စဉ်တိုးမြင့်လာခဲ့ပြီး ဒီဇင်ဘာ ၅ ရက် ညပိုင်းအထိ ရောဂါပိုးတွေ့သူ (၂၈၄)ဦးအထိ ရှိပြီဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်များအရ သိရသည်။

 

ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ထုတ်ပြန်ကြေညာချက်အရ နိုဝင်ဘာ ၃၀ ရက်တွင် ကချင်ပြည်နယ်အတွင်း Covid-19 ရောဂါပိုးတွေ့ရှိလူနာ(၂၁၇)ဦး ရှိခဲ့ရာမှ ဒီဇင်ဘာ ၁ ရက်တွင် ပိုးတွေ့ရှိလူနာ (၁၆)ဦး၊ ဒီဇင်ဘာ ၃ ရက်တွင် (၁၃)ဦး၊ ဒီဇင်ဘာ ၄ ရက်တွင် (၁၁)ဦး၊ ဒီဇင်ဘာ ၅ ရက်တွင် (၁၀)ဦး ထပ်မံတွေ့ရှိခဲ့သဖြင့်  ဒီဇင်ဘာ ၅  ရက် ညနေ ၅ နာရီတွင် စုစုပေါင်း ပိုးတွေ့အတည်ပြုလူနာ (၂၈၄)ဦးအထိ ရှိပြီဖြစ်သည်။ ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံဆင့်ခွင့်ရရှိသ ူ(၁၈၂)ဦး ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူ (၁၀၂)ဦး ကျန်ရှိသေးကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မိုဃ်းကျ(မြစ်ကြီးနား)