စစ်တွေ ၆ ဒီဇင်ဘာ
စစ်တွေမြို့မဈေးကြီးအတွင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စည်ပင်သာယာရေးကော်မတီဝင်များ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူဈေးသားများ ပူးပေါင်းပြီး ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီက မြို့မဈေးကြီးရှေ့၌ မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ရှေးဦးစွာ ဈေးကြီးရှေ့တွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းက ဆိုင်ခန်းများတွင် မီးသုံးစွဲမှုစနစ် တကျရှိစေရေး၊ မီးသတ်ဆေးဘူးများ စနစ်တကျ ထားရှိရေးနှင့် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက မိမိတစ်ဦးတည်း မငြှိမ်းသတ်ပဲ ပတ်ဝန်းကျင်ကို အကူအညီတောင်းကြရန် အသိပညာပေးဟောပြောသည်။ ဆက်လက်၍ မီးလောင်မှု၊ မီးလန့်မှုများ ဖြစ်ပေါ်လာပါက မီးသတ်ဆေးဘူးအား ကျွမ်းကျင်စွာ အသုံးပြုတတ်စေရန် ဈေးကော်မတီများ၊ စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ ဈေးသူ၊ ဈေးသားများအား လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်စေပြီး မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်မှုကို သရုပ်ပြကြသည်။
ထို့နောက်စစ်တွေမြို့၊ မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက မီးသတ်ယာဉ် ဝင်ရောက်နိုင်ရန် မီးသတ်ယာဉ်ဖြင့် လှည့်လည်မောင်းနှင်ကြသည်။ ဆက်လက်ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မိုးနှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဈေးကော်မတီဝင်များ တာဝန်ရှိသူများသည် မြို့ဈေးကြီးအတွင်း မီးသတ်ဆေးဘူးများ၊ မီးသတ်ကတ်များ၊ မီးသတ်ခွင်းများ တပ်ဆင်ထားရှိမှု ကို လှည့်လည်ကြည့်ရှုပြီး အရေးပေါ် မီးငြှိမ်းသတ်နိုင်ရန် ရေပိုက်များတတ်ဆင်ထားမှု၊ ရေသိုလှောင်ထားရှိမှု၊ ဈေးအတွင်း မီးသတ်ကား ဝင်ရောက်နိုင်မည့် လမ်းကြောင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)


