နေပြည်တော် ၆ ဒီဇင်ဘာ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်တို့သည် ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင် ဉီးအောင်ခမ်းထီနှင့် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုနယ်မြေ နေပြည်တော်ပတ်ဝန်းကျင်ရှိ တိုင်းရင်းသားကျေးရွာ (၁၄)ရွာတွင် ပါ၀င်သော ပအိုဝ်းတိုင်းရင်းသားများနေထိုင်သည့် ကျေးရွာများတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism) အပါအဝင် ကျေးရွာအလိုက် သင့်လျော်သည့် ကျေးလက်ဒေသခရီးသွားလုပ်ငန်းများ ဖော်ဆောင်ရေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံတကာအဆင့် မီထုတ်ကုန်များ အရည်အသွေးမီ စိုက်ပျိုးထုတ်လုပ်တင်ပို့နိုင်ရေး၊ ပအိုဝ်းတိုင်းရင်းသားဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ရရှိစေရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဉီးဗရတ်ဆင်းနှင့် ဉီးတင်လတ်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဉီးမင်းသူ၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးသန်းစိုးအောင်တို့ တက်ရောက်ကြသည်။
သတင်းစဉ်


