၇ ဒီဇင်ဘာ
ဂျပန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ မွေးမြူရေးခြံတစ်ခု၌ H5 ကြက်ငှက်တုပ်ကွေးရောဂါ တွေ့ရှိပြီး နောက် ကြက်ကောင်ရေ ၁၃၄၀၀၀ ကို သုတ်သင်ခဲ့ကြောင်း ဟီရိုရှီးမားစီရင်စုမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က မီဟာရာရှိ ကြက်ခြံတစ်ခုတွင် ကြက်သေများ တွေ့ရှိခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါ ကြက်အသေကောင်များတွင် ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
စီရင်စုမှ တာဝန်ရှိသူများနှင့် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ယနေ့ ကြက်များ သုတ်သင်မှု စတင်ခဲ့သည်။
အဆိုပါ ကြက်များကို သုတ်သင်ရန်အတွက် အလုပ်သမား ၈၆၀ ခန့် စေလွှတ်ခဲ့သည်ဟု ဆိုသည်။
ကြက်တုပ်ကွေးရောဂါကို မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို စဉ်းစားရမည်ဟု ဒေသန္တရအစိုးရက ပြောကြားပြီး ကြက်သေများကို မြေ၌ မြုပ်နှံရမည်ဖြစ်ကြောင်း ၎င်းတို့ ပြောကြားခဲ့သည်။
ကြက်ခြံနှင့် ၃ ကီလိုမီတာ အကွာတွင်ရှိသည့် ကြက်နှင့် ကြက်ဉများ သယ်ဆောင်ခြင်းကို တားမြစ်ထားကြောင်း ဟီရိုရှီးမား တာဝန်ရှိသူများက ပြောကြားခဲ့သည်။
၁၀ ကီလိုမီတာ အတွင်းရှိ လယ်သမားများအား ပြင်ပသို့ ကြက်နှင့် ကြက်ဉများ တင်ပို့ရောင်းချခြင်းကိုလည်း တားမြစ်ထားလျက်ရှိသည်။
ဒေသအတွင်း၌ ကြက်ခြံ ၁၃ ခြံရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နေရာခုနှစ်ခုရှိ ကြက်ခြံများမှ ထွက်လာသည့် ပိုးမွှားများကိုလည်း တာဝန်ရှိသူများက စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်။
မွေးမြူရေးခြံများ၌ ကြက်သေများ ရှိမရှိကို ၎င်းတို့က စစ်ဆေးလျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်