ရန်ကုန်၊  ၇  ဒီဇင်ဘာ

 

ရန်ကုန်အရှေ့ပိုင်းခရိုင် သာကေတမြို့နယ် မြန်မာနိုင်ငံဂီတအစည်းအရုံးမှ ဦးဆောင်၍ ဒီဇင်ဘာ ၆ ရက်  ညနေ ၆ နာရီက ဇိနမာရ်အောင်စေတီတော်ဝင်းရှိ Community Based Facility Quarantine Center တွင် Quarantine ဝင်ရောက်နေသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် Volunteer များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်နှင့်အညီ ဂီတတေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

 

အဆိုပါ ဖျော်ဖြေပွဲတွင် တေးသံရှင် ကိုလတ်၊ လွှမ်းအောင်၊ ပြည်မိုး၊ မင်းမင်း၊ ချစ်ဦး၊ ချမ်းမြေ့၊ လွမ်းမောင်မောင်၊ လွင်ဦးမောင်၊ ဇင်သီ၊ မို့မို့ကျော်လွင်၊ဆောင်း အိန္ဒြေထွန်း၊ မေသူကျော်၊ စုလှိုင်မျိုးသိန်း၊ ထက်နီလာ၊ မဘုတ်ဆုံ၊ ဂီတမှူးဟန်သိန်း (မြန်မာစာ)တို့မှ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး Covid-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်းကျော်၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ခွဲ ကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းနှင့် မြို့နယ်လူမှု ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဦးတို့က ဇိနမာရ်အောင်စေတီတော်ဝင်းရှိ Quarantine ဝင်နေသူ(၃၅)ဦး၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် (၉)ဦး၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်(၃၅)ဦးတို့အား အားပေးစကား ပြောကြားခဲ့ကြသည်။

 

သာကေတမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ ကျောက်ပန်းတောင်းကျော်လွင်က "ကျွန်တော်တို့မြို့နယ်မှာ Quarantine Center(၅)ခုရှိပါတယ် Quarantine ဝင်နေတဲ့သူတွေက ပျောက်ကင်းသွားလို့ နေရပ်ပြန် သွားခဲ့သလို ပြန်ရောက်လာသူတွေလည်း ရှိတယ်၊ Quarantine မှာ ရှိနေတဲ့သူတွေကို စိတ်ဓာတ်ခွန်အားပြည့်စေဖို့  အခုလို လာရောက်ဖျော်ဖြေရတာပါ ဟု ပြောကြားခဲ့သည်။

 

ဆောင်းနှင်းဖြူ (ပြန်/ဆက်)