ဒါကာ ၇ ဒီဇင်ဘာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပညာရေးမာရေးဝန်ကြီး ဒီပူမိုနီသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကြောင်း ပညာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာဘူလ်ခါယာက ယနေ့ပြောကြားသည်။
ပညာရေးဝန်ကြီးမိုနီသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ပြီးနောက် ကြိုတင်ကာကွယ်သည့်အစီအမံတစ်ခု အနေဖြင့် နေအိမ်၌ သီးခြားခွဲ၍ နေရကြောင်း၊ သို့သော် လတ်တလောအချိန်အထိ ၎င်း၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း အာဘူလ်ခါယာက သတင်းထောက်များအား ပြောကြားသည်။
ကျန်းမာရေးဝန်ကြီးမိုနီသည် ၎င်းမှာ ကိုဗစ်-၁၉ ရောဂါ လက္ခဏာ ပြသခဲ့ပြီးနောက် ဒီဇင်ဘာ ၆ ရက်က ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုခံယူခဲ့ရာမှ ၎င်းတွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ခရိုင်ပေါင်း ၆၄ ခုသို့ ကူးစက်ပျံ့နှံ့သွားခဲ့ရာ လက်ရှိအချိန် အထိ နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၇၉၇၄၃ ဦးရှိပြီး ယင်းတို့အနက် ၆၈၇၄ ဦးသည် အဆိုပါ ရောဂါကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ