ငွေဆောင်၊ ၈ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးအဖြစ် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလူထုလှုပ်ရှားမှု (Mask Campaign) ကို ယနေ့ နံနက် ၇နာရီက ငွေဆောင်မြို့ မြို့မစျေးနှင့် အ.ထ.ကငွေဆောင်ကျောင်းရှေ့ လမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငွေဆောင်မြို့ ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ ဌာနဆိုင်ရာများ၊ မြတ်ဒါနလူမှု ကူညီရေးအသင်းနှင့် ငွေဆောင်ပရဟိတ လူငယ်အဖွဲ့များမှမြို့မစျေးရှိ စျေးသည်များ၊ မြို့မစျေးသို့ လာရောက်ကာ စျေးဝယ်ကြသူများ၊ စျေးရှေ့ဖြတ်သန်း သွားလာနေကြသူများနှင့် အ.ထ.က ငွေဆောင်ကျောင်းရှေ့လမ်းဆုံတွင် ဖြတ်သန်းသွားလာနေကြသူများအား နှာခေါင်းစည်းတပ် ဆင်ထားခြင်း မရှိပါက နှာခေါင်းစည်း Maskများ (အခမဲ့)ပေးဝေခြင်း၊ တပ်ဆင်ထားသည့် နှာခေါင်းစည်း ဟောင်းနွမ်းနေပါက အသစ်လဲလှယ်တပ်ဆင်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရမည့် အချက်များအား လက်ကိုင် အသံချဲ့စက်များဖြင့် နှိုးဆော်ပြီး mask campaign ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မူမူသွင်(ပြန်/ဆက်)


