ပဲခူး ၊ ၈ ဒီဇင်ဘာ

 

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အနေဖြင့် ဒီဇင်ဘာလ(၇)ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ပဲခူးခရိုင်အဆင့် သက်ငယ်မုဒိမ်းနှင့် ကျားမအခြေပြု အကြမ်ဖက်မှု အသိပညာ‌ပေးသင်တန်းအား Online Meeting ဖြင့် ကျင်းပပြုလုပ်သည်။

 

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံး၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာနေခြည်သက်နိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်း ကျော်နှင့် ပဲခူးခရိုင်အမျိုးသမီး ကော်မတီဝင်များ၊  ကဝမြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ စုစုပေါင်း (၃၆)ဦး တက်ရောက်ခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် ပဲခူးခရိုင်အဆင့် သက်ငယ်မုဒိမ်းနှင့် ကျားမအခြေပြု အကြမ်းဖက်မှု အသိပညာ‌ပေးသင်တန်း ဖွင့်လှစ်သင်ကြားရခြင်းရခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။

 

mdn

      

ထို့နောက် Online Meetingဖြင့် တက်ရောက်ကြသော သင်တန်းသူများအား ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူးဒေါ်ယဉ်ယဉ်ပြုံးနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ နေခြည်သက်နိုင်က “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တုံ့ပြန်ဖို့၊ သီးသန့်ရန်ပုံငွေထားရှိလို့ အချက်အလက်ကောက်ယူစို့နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို အသေးစိတ် ဆွေးနွေးပို့ချ သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

 

ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အနေဖြင့် Women Club အဖွဲ့နှင့် ပူးပေါင်းပြီး ဒိုက်ဦးမြို့နယ် အတွင်းရှိ ကျေးရွာ(၅)ရွာ၌ ကျား/မအခြေပြု အကြမ်းဖက်မှုအသိပညာပေးခြင်း၊ ကျန်းမာရေး အကာအကွယ် ပစ္စည်းများ ပေးအပ်ခြင်း၊ ပဲခူးမြို့နယ်အတွင်းရှိ Quarantine Centerများတွင် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)