တီးတိန်၊ ၈ ဒီဇင်ဘာ
ချင်းပြည်နယ်၊ တီးတိန်မြို့၌အသက် (၁)နှစ်ခွဲအောက် ကလေးသူငယ်များ ပုံမှန်ကာကွယ်ဆေး တိုက် ကျွေးထိုးနှံခြင်း အစီအစဉ်ကို ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် အသက်အရွယ် အလိုက်ပိုင်းခြား၍ ဘီစီဂျီ၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို့ကြက် ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေး၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ် ကာကွယ် ဆေး)၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာ ကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ကာ ကွယ်ဆေး၊ ပိုလီယို ကာကွယ်ဆေးနှင့် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော(ရိုတာ)များ တိုက်ကျွေးထိုးနှံပေးပြီး ကလေး သူငယ်များအား ကိုယ်အလေး ချိန်တိုင်းပေးခြင်းနှင့် ကျန်းမာရေးစစ် ဆေးပေးခြင်းတို့ကို မြို့ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)


