မော်လမြိုင် ၊ ၈ ဒီဇင်ဘာ
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Center ၌ မျိုးဆက်သစ်လူငယ်များအတွက် မျိုးဆက်ပွားကျန်းမာရေး အသိပညာရရှိစေရန် ရည်ရွယ်၍ လူငယ်နှင့်မျိုးဆက်ပွားဆိုင်ရာ အသိပညာပေး Talk Show ကို ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီက အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပွဲဆောင်ရွက်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါလွင်က အသိပညာပေးTalk Show ဆောင်ရွက်ရခြင်းကို ရှင်းလင်းပေးပြီး မြန်မာနိုင်ငံဆရာဝန် အသင်း လူငယ့်စေတမန် စီမံချက်အဖွဲ့မှ ကွင်းဆင်းညှိနှိုင်းရေးမှူး ဒေါ်အိခိုင်ဇာမင်းက လူငယ်နှင့်မျိုးဆက် ပွားကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ၊ မျိုးဆက်ပွား အသိပညာပေးလူကြီး၊ လူငယ်သိသင့်သိထိုက်သည့်အချက်များနှင့် လူငယ်အသိပညာပေးဝန်ဆောင်မှုအနေဖြင့် Pear to Pear (သက်ရွယ်ဆင်တူ ပညာပေးလုပ်ငန်း)များကို အကျယ်တဝင့် ဆွေးနွေးပေးကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)


