ဝေါလေမြိုင်၊ ၈  ဒီဇင်ဘာ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် အသက်(၂)လမှ (၅)နှစ်အောက် ကလေးငယ်များအား ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက နေအိမ်များအရောက် တစ်အိမ်တက်ဆင်း သွားရောက် တိုက်ကျွေးခဲ့သည်။

ထိုသို့ ပိုလီယိုကာကွယ်ဆေး သွားရောက်တိုက်ကျွေးရာတွင် ‌ဝေါလေမြိုင်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီ၊ ဝေါလေမြိုင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ကျန်းမာရေးဆရာမ ဒေါ်လေးလေးဝါး တို့ကြီးကြပ်၍ ဝေါလေမြိုင် တိုက်နယ်ဆေးရုံမှ သူနာပြုဆရာမများနှင့် ကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များ၏ နေအိမ်များအရောက် တစ်အိမ်တက်ဆင်း ပိုလီယိုကာကွယ်ဆေး သွားရောက် တိုက်ကျွေးခဲ့ကြောင်း သိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)