လေရှီး၊  ၈   ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် စစ်ဆေးရေးဂိတ် ရှစ်ခုဖြင့် ထပ်မံတိုးမြှင့်စစ်ဆေးလျက်ရှိကြောင်း ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းနိုင်မြင့်က ပြောပြသည်။

 

 “လေရှီးမြို့နယ်၊ ဆွမ္မရာတွင် နေထိုင်သူက ခရီးသွားတဲ့အခါ ၉ နှစ်အရွယ် ကလေးက နေမ ကောင်းသဖြင့် ဟုမ္မလင်းမြို့ ခုတင် ၁၀ဝ သွားပြတယ်။ အဲ့ဒီမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့တယ်။   ၎င်းနဲ့ ခရီးအတူသွားသူ ၂၈ ဦးကို စစ်ဆေးရာ  ရောဂါပိုးမတွေ့ပါဘူး။ ဒါ့ကြောင့် စစ်ဆေးရေးဂိတ် ရှစ်ခုထားပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပါတယ်။ အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ အား စစ်ဆေးရန် ချယ်ရာကျေးရွာတွင် စစ်ဆေးရေးဂိတ် တစ်ခု၊ ဟိန်ကွတ်ကျေးရွာတွင် စစ်ဆေးရေး ဂိတ်တစ်ခု၊ ပန်ဆပ်ကျေးရွာတွင် စစ်ဆေးရေးဂိတ်တစ်ခုနှင့် ဆွမ္မရာမြို့တွင် စစ်ဆေးရေးဂိတ်တစ်ခု စုစုပေါင်းလေးခုဖြင့် လည်းကောင်း၊ အခြားမြို့နယ်များမှ ဝင်ရောက်လာသူများအား စစ်ဆေးရန် ရန်နွေးကျေးရွာတွင် စစ်ဆေးရေးဂိတ်တစ်ခုနဲ့ လေရှီးမြို့ပေါ်တွင် စစ်ဆေးရေးဂိတ်သုံးခုဖြင့် ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နဲ့အညီ အပူချိန် တိုင်းခြင်း၊ နှာခေါင်းစည်းဝတ်ခြင်းမရှိပါက နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်း၊ လက်ဆေးခြင်း တို့ကို ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များဖြင့် ပူးပေါင်းဆောင် ရွက်လျက်ကြောင်း အတွင်းရေးမှူး  ဦးဝင်းနိုင်မြင့်က ဆက်လက်ပြောပြသည်။

 

မွှေးကြူဇင်